ရေပက်တယ်ဆိုတာ
အရိပ်ဖြစ်ကျန်ခဲ့တဲ့ ၁၁ နှစ်ကောင်မလေးနဲ့ပဲ သက်ဆိုင်နေသလိုလို ၊
ရေပက်ခံထွက်တယ်ဆိုတာ
တခါမှမလုပ်ဘူး နောင်လည်းလုပ်ဖြစ်မယ်မထင်တဲ့အရာကို ဘယ်လိုခံစားရမလဲ မသိသလိုလို ၊
မစားရတာကြာပြီဖြစ်တဲ့ မုန့်လုံးရေပေါ်ထဲက ထန်းလျက်ခဲလေးကိုမြုံရင်း
ဝေးသွားတာကြာပြီဖြစ်တဲ့ ငယ်ဘ၀ကို စမြုံ့ပြန်ချင်မိသေး ၊
ပိတောက်တွေက နီးမလိုနဲ့ ဝေးနေဆဲ
အတုအယောင် ငုဝါတွေကတော့ လက်တကမ်းမှာ ဖွေးခနဲ ၊
ပြုံးစစနဲ့ သင်္ကြန်ကလက်ယပ်ခေါ်တဲ့အခါ
ဘေးဘီဝဲယာ နောက်ကိုပြန်ကြည့်
ငါ့ကိုမှဟုတ်ရဲ့လားလို့ ဇဝေဇ၀ါအတွေးနဲ့
အချိန်တွေကြား ထိုင်ရင်း
ဧပရယ်လ်ရက်တွေ ထူးမခြားနားဖြစ်ခဲ့ ။
Wednesday, April 13, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment