Friday, May 6, 2011

Book: "အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်"

Friday, May 6, 2011
ကျမကစာအုပ်တအုပ်ကိုဖတ်ရင် ဆက်တိုက်ဖတ်လေ့ရှိတယ်။ သူများတွေလို ဖတ်လိုက် ချထားလိုက် မလုပ်တတ်ဖူး။ ဒါပေမယ့် ကျမကို စာမျက်နှာ ဆယ်မျက်နှာလောက်ကို တစ်ရက်ခြားပြီးဖတ်ရတဲ့ အခြေအနေရောက်စေတဲ့စာအုပ်ကတော့ စာရေးဆရာမ မနှင်းပန်းအိမ်ရေးတဲ့ "အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်" ဆိုတဲ့ စာအုပ်ပါပဲ။

မနှင်းပန်းအိမ်စာအုပ်မှာ နိုင်ငံရေးအကျဉ်းသားတဦးစီအကြောင်းကို ဇာတ်လမ်းတိုလေးတွေအနေနဲ့ ဖော်ပြထားတယ်။ တယောက်ကို စာမျက်နှာ သုံး-လေးမျက်နှာ... သုံးယောက်ဆိုရင် စာမျက်နှာဆယ်ရွက်လောက်။ ဘ၀သုံးခုအကြောင်းကိုဖတ်ပြီးရင် ကျမ ဆက်မဖတ်နိုင်တော့ပါဖူး။ ဘာလို့လဲဆိုတော့ ကျမမျက်ဝန်းတွေ မျက်ရည်တွေနဲ့ေ၀၀ါးတယ်။ ကျမရင်ထဲ ဆို့နင့်တယ်။ နောက်စာတမျက်နှာကို ဆက် ဖတ်ဖို့ အင်အားမရှိလောက်အောင် စိတ်မကောင်းဖြစ်ရတယ်။

တရုတ်နိုင်ငံက နိုင်ငံရေးအကျဉ်းသားဖြစ်သူ Zha Jianguo က ခုလို ပြောခဲ့ပါတယ် - "To achieve democracy in a country, some people must offer their blood and lives in the struggle. Look at South Korea, or Taiwan: there had been so many crackdowns, so many prisoners. But, wave after wave, individuals rose up. They gave their lives to pave the way to their democracy.” (Read more http://www.newyorker.com/reporting/2007/04/23/070423fa_fact_zha#ixzz1LaXMjZZ4)

သူပြောခဲ့သလို မနှင်းပန်းအိမ်စာအုပ်ဟာ မြန်မာပြည်ဒီမိုကရေစီရဖို့အတွက် လမ်းခင်းပေးသွားတဲ့ ဘ၀တွေကို ဖော်ပြထားတဲ့ စာအုပ်တအုပ်ပါပဲ။

0 comments: