Saturday, November 19, 2011

ညီမလေးတို့ဖတ်ဖို့ (၁)

Saturday, November 19, 2011
အချစ်ဆိုတာ ကိုးကွယ်ဖို့ထက် အစစ်အမှန်ကို ခွဲခြားတတ်ဖို့ တန်ဖိုးထားမြတ်နိုးတတ်ဖို့ပဲ ။

ကိုယ့်ကိုထားသွားတဲ့ယောက်ျားတယောက်အတွက် ကိုယ့်အပေါ်သစ္စာမရှိတဲ့ယောက်ျားတယောက်အတွက် မျက်ရည်ကျတာဟာ ရှုံးနိမ့်ခြင်းပဲ ။ မထိုက်တန်တဲ့သူအတွက် ကိုယ့်ဘ၀ကို မလွင့်မြောပါစေနဲ့လား ။

ဘ၀ဟာ ပူလောင်တာတွေအရမ်းများပြီး မွန်းကျပ်ခဲ့မယ်ဆိုရင် အထီးကျန်ဆန်သလိုဖြစ်ခဲ့မယ်ဆိုရင် အဲဒီခံစားချက်တွေကို ကိုယ်စိတ်ဝင်စားတဲ့အရာတခု ၊ ဒါမှမဟုတ် ကိုယ့်အတွက် အကျိုးရှိစေမယ့်တစုံတရာကိုလုပ်ဖို့ ခွန်အားတွေအဖြစ် မြုပ်နှံဖို့ ကြိုးစားပါလား ။

အချစ်အတွက် ကိုယ့်ဘ၀ကိုပေးဆပ်တယ်ဆိုတာ မိုက်ရူးရဲဆန်တာပဲ ။ ကိုယ့်အဖြစ်ကို စိတ်မကောင်းဖြစ်မယ့်သူ စိတ်ထိခိုက်မယ့်သူက ကိုယ့်ကိုချစ်တဲ့ မိဘနဲ့ သူငယ်ချင်းတွေပဲ ရှိတယ် ။ သူတို့အပေါ် ငဲ့ညှာသင့်ပါတယ် ။

ဘ၀မှာ သေခြင်းတရားကသာ ချုပ်ငြိမ်းခြင်းလို့မြင်လာခဲ့မယ်ဆိုရင် တစုံတရာမလုပ်ခင် တစုံတယောက်ကို ရင်ဖွင့်ဖို့ နောက်မဆုတ်လိုက်ပါနဲ့ ။ ကိုယ်ကသာလက်လှမ်းခဲ့မယ်ဆိုရင် ကူညီဆွဲထူမယ့်သူတွေ ဘ၀မှာအများကြီးဆိုတာ မမေ့လိုက်ပါနဲ့ ညီမလေးတို့ရယ် ။ 

0 comments: